ကုမ္ပဏီသတင်း

ကုန်သွယ်ပလက်ဖောင်း အဆင့်မြှင့်တင်မှုနှင့် စပ်လျဉ်း၍ ပြောင်းလဲပြင်ဆင်ချက်များ အရေးကြီး ထုတ်ပြန်ချက်

MHMarkets 2023-11-08

MHMarkets ၏ သုံးစွဲသူများခင်ဗျာ။

ကျွန်ုပ်တို့၏ ကုန်သွယ်ပလက်ဖောင်းများ အသုံးပြုရန်လိုအပ်သည့် အနိမ့်ဆုံးဗားရှင်းများနှင့် စပ်လျဉ်း၍ အရေးကြီးထုတ်ပြန်ချက်အား သိရှိစေရန် မျှဝေပေးအပ်ပါသည်။

(၂၀၂၃) ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်မှစတင်၍ ကျွန်ုပ်တို့၏ ကုန်သွယ်ပလက်ဖောင်းများ အသုံးပြုရန်လိုအပ်သည့် အနိမ့်ဆုံးဗားရှင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

MetaTrader 4 (MT4): Build 1380
MetaTrader 5 (MT5): Build 3802

ဤရက်စွဲမှစတင်ပြီး ဗားရှင်းအဟောင်းကို အသုံးပြုနေသည့် ရောင်းဝယ်သူကုန်သည်များသည် ကျွန်ုပ်တို့၏ ပလက်ဖောင်းဆာဗာများနှင့် ချိတ်ဆက်နိုင်တော့မည်မဟုတ်ပါ။

ကျွန်ုပ်တို့၏ ကုန်သွယ်ပလက်ဖောင်းအား အနှောင့်အယှက်တစ်စုံတစ်ရာမရှိဘဲ အသုံးပြုနိုင်ရန်နှင့် အကောင်းမွန်ဆုံး ကုန်သွယ်အတွေ့အကြုံကို ရရှိစေရန်အလို့ငှာ သုံးစွဲသူများအနေဖြင့် (၂၀၂၃) ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်မတိုင်ခင် ကုန်သွယ်ပလက်ဖောင်းဂိတ်များကို နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်တင်ထားပေးပါရန် ညွှန်ကြားအပ်ပါသည်။

မိတ်ဆွေတို့အနေဖြင့် ‘သုံးစွဲသူဆိုင်ရာ ပလက်ဖောင်းဂိတ်ဗားရှင်း အဆင့်မြှင့်တင်ခြင်း ညွှန်ကြားချက်’ ကို ကျွန်ုပ်တို့မှ တွဲဖက်ထည့်ပေးထားသည့်ဖိုင်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ အကယ်၍ မေးခွန်းတစ်စုံတစ်ရာ ရှိခဲ့လျှင်ဖြစ်စေ၊ ဗားရှင်းအဆင့်မြှင့်တင်ရာတွင် ကူညီပံ့ပိုးမှုများ လိုအပ်ခဲ့ပါက ကျွန်ုပ်တို့၏ သုံးစွဲသူဝန်ဆောင်မှုအဖွဲ့ထံ မည်သည့်အချိန်တွင်မဆို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

MHMarkets ကို ယုံကြည်စွာဖြင့် အစဉ်တစိုက် လက်တွဲရောင်းဝယ်နေကြသော သုံးစွဲသူများအားလုံးကို ကျွန်ုပ်တို့ထံ ကျေးဇူးဂါရဝအထူးတင်ရှိသည့်အနေဖြင့် အကောင်းမွန်ဆုံးသော ကုန်သွယ်အတွေ့အကြုံများကို ပံ့ပိုးနိုင်စေရန် အမြဲမပြတ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။

မိတ်ဆွေတို့၏ ပူးပေါင်းဆောင်ရွက်မှုအား အစဉ်အမြဲ ကျေးဇူးတင်ရှိပါသည်။

မေတ္တာဖြင့်
MHMarkets ကုမ္ပဏီလိမိတက်