ကုမ္ပဏီထုတ်ပြန်ချက်များ

MHMarkets သည် ကမ္ဘာတစ်ဝှမ်း နိုင်ငံခြားငွေကြေးအရောင်းအဝယ်နှင့် CFD လုပ်ငန်းတွင် ရှေ့ပြေးဦးဆောင်နေသော ထိပ်တန်းကုမ္ပဏီဖြစ်ပြီး နိုင်ငံခြားငွေကြေးများ၊ အဖိုးတန်တွင်းထွက်သတ္တုများ၊ စွမ်းအင်လောင်စာများ၊ အညွှန်းကိန်းများ၊ ဒစ်ဂျစ်တယ်ငွေကြေးများနှင့် အခြား CFD များအတွက် ကုန်သွယ်ဝန်ဆောင်မှုများကို အဓိကပံ့ပိုးပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ကမ္ဘာ့အဆင့်မီနည်းပညာများ၊ ဝန်ဆောင်မှုများဖြင့် မြန်မာနိုင်ငံအပြင် နိုင်ငံတကာရှိ ကုန်သွယ်စီးပွားရေးလုပ်ငန်းရှင်များနှင့် သုံးစွဲသူများ၏ လိုအပ်ချက်များကို ပြည့်မီစေရန် ဖြည့်ဆည်းပေးပါသည်။

MHMarkets ၏ အရည်အချင်းပြည့်မီသော ဘဏ္ဍာရေးနှင့် စီးပွားရေးရာပညာရှင်များမှ ၎င်းတို့၏ အတွေ့အကြုံများအပေါ် အခြေခံ၍ သုံးစွဲသူတို့၏ ကုန်သွယ်စီးပွား အကျိုးဖြစ်ထွန်းစေရန်၊ လွယ်ကူချောမွေ့စွာ အရောင်းအဝယ်ပြုလုပ်နိုင်စေရန်၊ တိကျမြန်ဆန်သော သုံးစွဲသူဝန်ဆောင်မှုများအပြင် စျေးကွက်သုံးသပ်ချက်များနှင့် လုပ်ငန်းအကြောင်း လေ့လာနိုင်မည့် သုတရင်းမြစ်များကို ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ယခင်က ကုန်သွယ်ရောင်းဝယ်မှုလုပ်ငန်းတွင် အတွေ့အကြုံမရှိသူများကို ရင်းနှီးကျွမ်းဝင်လာစေပြီး အတွေ့အကြုံရှိသူများအနေဖြင့် အချိန်နှင့်အမျှ ပြောင်းလဲနေသော ကမ္ဘာ့ကုန်သွယ်စျေးကွက်တွင် ပိုမိုကျွမ်းကျင်စွာ ကုန်သွယ်ရောင်းဝယ်လာနိုင်စေရန် ကူညီပေးပါသည်။

ကုန်သွယ်ရောင်းဝယ်မှုလုပ်ငန်းတွင် အမှန်စင်စစ် လေ့လာသင်ယူခဲ့သူများ၊ နှစ်ရှည်ကြာလုပ်ကိုင်ခဲ့သူများဖြင့် ဖွဲ့စည်းထားသည့် MHMarkets သည် အချိန်တိုအတွင်း အရှိန်အဟုန်ဖြင့် လုပ်ငန်းတိုးတက်အောင်မြင်လာပြီး ကမ္ဘာ့နေရာအနှံ့ နိုင်ငံပေါင်း (၃၀) ကျော်ရှိ သုံးစွဲသူများကို ဝန်ဆောင်မှုပေးနေပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံစျေးကွက်ရှိ သုံးစွဲသူများအတွက် ပိုမိုတိကျကောင်းမွန်သော ကုန်သွယ်ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ငန်းခွဲဖွင့်လှစ်ခဲ့ပါသည်။